ချစ်၍ခေါ်သည်-ချီ စာပြိုင်ရတု

From Wikisource
Jump to navigation Jump to search
ချစ်၍ခေါ်သည်-ချီ စာပြိုင်ရတု
by စိန္တကျော်သူ ဦးဩ
185021ချစ်၍ခေါ်သည်-ချီ စာပြိုင်ရတုစိန္တကျော်သူ ဦးဩ

ချစ်၍ခေါ်သည်၊ လိုက်တော်မူခဲ့၊ မပျောင်းနွဲ့နှင့်၊ အံ့ဖွယ်အတိ၊ တိုင်းမသိသား၊ ပြည်ကြီးတန်ဆာ၊ ကန်နန္ဒာမူ၊ ရာဇမျာ့းပန်း၊ မှန်နန်းမျာ့းရှင်၊ ဖန်စီရင်၍၊ ညာခွင်ချောင်းရိုး၊ ကိုးဆယ့်ကိုးက၊ ရေမိုးရှက်လည်၊ စီးလာသည်ကို၊ ဆီးဆည်သယ်ဖို့၊ တောင်ကဲ့သို့ပင်၊ မို့မို့ညို့ရောင်၊ သင်းကန်ပေါင်နှင့်၊ ရေတောင်မောက်လှာ၊ လွမ်းဖွယ်သာသည်။ ။ ရောက်ခါမြင်တော် မူလိမ့်မည်။

နစ်၍ပေါ်သည်၊ အုတ်အော်ပတ်လည်၊ သပြေစည်နှင့်၊ တီးမည့်ပဲ့ထင်၊ အောင်ပွဲရွှင်လျှင်၊ သဘင်ရေနန်း၊ စံစခန်းကို၊ တဆန်းတထူး၊ ရှုလှည့်ဦးလော၊ မြင်ဖူးမည်ဝေး၊ မကြာသေးတည့်၊ ဟိုရှေးယမန်၊ စည်သူဖန်သား၊ ကန်မိတ္ထီလာ၊ မနှုန်းသာဘူး၊ တာဆယ်သောင်းလောက်၊ ကန်ရိုးမောက်က၊ ရှေ့နောက်မရော်၊ ရွှေမြို့တော်ကို၊ ရှုမြော်လိုက်ကာ၊ မယ့်စိတ်မှာသည်။ ။ ခြောက်ရွာထင်တော်မူလိမ့်မည်။

ဟစ်၍ကြော်သည်၊ ကျေးဖော်ငှက်ပေါင်း၊ တွန်သောင်းသောင်းနှင့်၊ ရေအောင်းပိုးမွှား၊ လိပ်ငါးပေါရယ်၊ ပန်းမန်ဝယ်လည်း၊ ကုံးသွယ်သည့်တူ၊ ပန်လိုသူတို့၊ ဆွတ်ယူကာမျှ၊ မသီရဘူး၊ သိကြာ့ချိုးရန်၊ နန္ဒာကန်နှင့်၊ ဟန်ပန်မယွင်း၊ သာဘိခြင်းကို၊ စိုးမင်းမနော်၊ တစ်ခါမြော်က၊ အိမ်တော်မေ့ကျန်၊ မပြန်ခန်းဝါ၊ ကန်တော်သာသည်။ ။ မြောက်မှာရွှင်တော်မူလိမ့်မည်။


မှတ်ချက်

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse